Jack Reacher ရဲ့ ဒုတိယမြောက်ဇာတ်ကား ထွက်လာပြန်ပါပြီ။ စာရေးဆရာကြီးလီချိုင်းရဲ့ ကမ္ဘာကျော်ဝတ္ထုကို ဝါရင့်မင်းသား Tom Cruise ရဲ့ မာန်ပါပါသရုပ်ဆောင်ချက်တွေနဲ့ ရုပ်ရှင်အဖြစ် အသက်သွင်းရာမှာ ပထမတစ်ကြိမ်မှာ အောင်မြင်မှုရခဲ့ပြီး အခု ဒုတိယမြောက်ဇာတ်ကား ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီကားမှာ Jack Reacher အဖြစ် Tom Cruise ကပဲ ပြန်သရုပ်ဆောင်ထားပြီး ပထမကားနဲ့ ထပ်တူညီစွာ ကောင်းကောင်း အစွမ်းပြထားပါတယ်။ တပ်ကနေ အနားယူထားပြီးဖြစ်တဲ့ စစ်မှုထမ်းဟောင်းကြီး ဂျက်ရိချာ တစ်ယောက် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်တဲ့ မေဂျာဆူဆန်တာနာ နဲ့ သွားရောက်တွေ့ဆုံခဲ့ရာမှာ မထင်မှတ်ထားတဲ့အဖြစ်က စောင့်ကြိုလို့နေပါတယ်။ မေဂျာတာနာ ဟာ သူလျှိုအဖြစ် စွဲချက်တင် ဖမ်းဆီးခံထားရပြီး တာဝန်ကနေ ရပ်ဆဲခံထားပါတယ်။ ဒါနဲ့ပဲ တာနာရဲ့ ရှေ့နေ ကာနယ်မိုးခရက်ခ်နဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး အာဖဂန်နစ္စတန်က တပ်သားနှစ်ယောက် သေဆုံးမှုကြောင့် တာနာအဖမ်းခံရတယ်ဆိုတာရယ်၊ သူ့မှာ ဆမန်သာဆိုတဲ့ သမီးလေးတစ်ယောက်ရှိနေကြောင်းရယ်ကို သိခွင့်ရလာခဲ့ပါတယ်။ နောက်တော့ တာနာလွတ်မြောက်ဖို့အတွက် ထပ်မံစုံစမ်းရင်း ParaSource ဆိုတဲ့ စစ်တပ်နဲ့ အကျိုးတူပူးပေါင်းလုပ်တဲ့ အဖွဲ့အသည်းအကြောင်းကိုပါ ဂျက်ရ...