Skip to main content

Desperado (1995) မြန်မာစာတန်းထိုး



Zorrow မင်းသားကြီး အန်တိုနီယို ဘန်ဒါးရက်စ် တစ်ယောက် ဂစ်တာတစ်လက် သေနတ်တစ်ဖက်ကိုင်ပြီး ကြမ်းခဲ့တဲ့ Desperado ဟာ 90’s Kids တွေအတွက်
အမှတ်ရစရာပါပဲ။ ဆံပင်ရှည်ရှည် ဂျစ်တီးဂျစ်ကန်ရုပ်နဲ့ ညှို့အားပြင်းတဲ့ အကြည့်ပိုင်ရှင် မက္ကစီကန်သား သေနတ်သမားလေးဟာ နှုတ်ခမ်းနီမလေးတွေကြားမှာ
 အတော်လေး ရေပန်းစားခဲ့သလို လူဆိုးတွေနဲ့ သွေးသံရဲရဲ အသေအကြေသတ်ပုတ်ကြတဲ့ အခန်းတွေကလည်း ပီပြင်လှပါတယ်။ တကယ်တော့
ဒီကားဟာ El Mariachi ဆိုတဲ့ ရုပ်ရှင်ရဲ့ အဆက်လို့ပြောရင် ပိုမှန်ပါမယ်။ ပထမကားမှာ နယ်လှည့်ဖျော်ဖြေတဲ့ ဂီတသမားလေးတစ်ယောက်ကို
လူဆိုးတွေက လူမှားပြီး လိုက်သတ်ကြပါတယ်။ သူ အသက်ရှင်ကျန်ခဲ့ပေမယ့် သူ့ချစ်သူကတော့ သေဆုံးသွားခဲ့ပါတယ်။ ဒီကားမှာတော့
အရင်ဇာတ်လမ်းကို အကျဉ်းချုပ်တင်ပြရင်း လူဆိုးတွေကို လိုက်လံရှာဖွေကာ သူ့ချစ်သူအတွက် ကလဲ့စားချေတဲ့အကြောင်း ဖြစ်ပါတယ်။
 MPAA က ဒီကားကို အိပ်ယာပေါ်က အခန်းတွေကြောင့် အစက NC 17 သတ်မှတ်ပေးခဲ့ပါတယ်။ ဒါကြောင့် တချို့အခန်းတွေဟာ
 မိသားစုကြည့်ဖို့ မသင့်တော်တဲ့ အခန်းတွေပါဝင်ပါတယ်လို့ သတိပေးလိုက်ပါရစေ။ ကောင်းဘွိုင်အက်ရှင်ဆန်ပြီး
အကြမ်းပတမ်းပစ်ခတ်သတ်ပုတ်တာတွေ ကြိုက်ရင်တော့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါကြောင်း။

pCloudမှဒေါင်းရန်720P( 748mb) >> http://adf.ly/1grWFN

credit-goldchannel

Comments

Popular posts from this blog

The Wall (2017) မြန်မာစာတန်းထိုး

အီရတ်စစ်မြေပြင်မှာ တိုက်တဲ့ စစ်ပွဲတွေကို Jarhead, American Sniper, The Hurt Locker တို့လို ရုပ်ရှင်တွေနဲ့ အော်စကာဆုရသည်အထိ ရိုက်ပြဖူးခဲ့ပါတယ်။ အခုတစ်ခါ အီရတ်စစ်မြေပြင်က အသက်လုပွဲကို The Wall (2017) ဆိုတဲ့ အမည်နဲ့ The Edge of Tomorrow, Bourne Identity တို့ရဲ့ ဒါရိုက်တာ Doug Liman က ရွှေကမ္ဘာလုံးဆုရ မင်းသား Aaaron Tyler Jhonson, Smark Down နပန်းသမားကြီး Jhon Cena တို့နဲ့ သည်းထိတ်ရင်ဖို ရိုက်ပြလိုက်ပြန်ပါပြီ။ စစ်ကားဆိုတာနဲ့ ၀ုန်းဒိုင်းကြဲ ပစ်ခတ်နေမယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ ဒီကားမှာ လူသုံးယောက်သာ ပါပါတယ်။ သူတို့က အမေရိကန် စစ်သားနှစ်ယောက်နဲ့ အီရတ်စစ်သားတစ်ယောက်ပါ။ ဆာဂျင် ရှိန်း မက်သယူးက စနိုက်ပါ တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို အီရတ်သဲကန္တာရထဲက အဆောက်အအုံတစ်ခုကို စစ်ဆေးဖို့ လွှတ်လိုက်တာပါ။ သူ့လက်ထောက်က ဆာဂျင် အယ်လန် အိုင်ဆက်ပါ။ သူတို့ကို တာဝန်ပေးထားတဲ့ အဆောက်အအုံ ဧရိယာကို ၂၂ နာရီကြာအောင် စောင့်ကြည့်အကဲခတ်ပြီးနောက်မှာတော့ စိတ်ချရပြီလို့ ယူဆပြီး ရှိန်းက အထဲမှာ သေနေတဲ့ အစောင့်တပ်သားတွေဆီက ရေဒီယိုတွေကို ယူဖို့ လာခဲ့ပါတယ်။ ဒါပေမယ့် အထဲမှာ လျှို့ဝှက်ပြီး စောင့်နေတဲ့ အီရတ်စနိုက်ပါသမား ဂျူးဘားက ရှိန်...

Red Cliff (2009) မြန်မာစာတန်းထိုး

pCloudမှဒေါင်းရန်Link ဆိုဒ်သေး 570 mb >> http://adf.ly/1YPdP4 pCloudမှဒေါင်းရန်Link ဆိုဒ်ကြီး 1500 mb>> http://adf.ly/1YPdU1 - CREDIT-ချမ်းငြိမ်း(မှော်ဝန်း)

Bounty Hunters(2016)မြန်မာစာတန်းထိုး

Bounty Hunters(2016)မြန်မာစာတန်းထိုး pCloudမှဒေါင်းရန်Link 360P >> http://adf.ly/1efRNB - ဖိုင်ဆိုဒ်.. 278Mb  pCloudမှဒေါင်းရန်Link 720P >> http://adf.ly/1efROh - ဖိုင်ဆိုဒ်.. 755Mb  CREDIT-WWW.CHANNELMYANMAR.COM