Skip to main content

Jack Reacher Never Go Back(2016)မြန်မာစာတန်းထိုး


Jack Reacher ရဲ့ ဒုတိယမြောက်ဇာတ်ကား ထွက်လာပြန်ပါပြီ။ စာရေးဆရာကြီးလီချိုင်းရဲ့ ကမ္ဘာကျော်ဝတ္ထုကို ဝါရင့်မင်းသား Tom Cruise ရဲ့ မာန်ပါပါသရုပ်ဆောင်ချက်တွေနဲ့ ရုပ်ရှင်အဖြစ် အသက်သွင်းရာမှာ ပထမတစ်ကြိမ်မှာ အောင်မြင်မှုရခဲ့ပြီး အခု ဒုတိယမြောက်ဇာတ်ကား ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီကားမှာ Jack Reacher အဖြစ် Tom Cruise ကပဲ ပြန်သရုပ်ဆောင်ထားပြီး ပထမကားနဲ့ ထပ်တူညီစွာ ကောင်းကောင်း အစွမ်းပြထားပါတယ်။

တပ်ကနေ အနားယူထားပြီးဖြစ်တဲ့ စစ်မှုထမ်းဟောင်းကြီး ဂျက်ရိချာ တစ်ယောက် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်တဲ့ မေဂျာဆူဆန်တာနာ နဲ့ သွားရောက်တွေ့ဆုံခဲ့ရာမှာ မထင်မှတ်ထားတဲ့အဖြစ်က စောင့်ကြိုလို့နေပါတယ်။ မေဂျာတာနာ ဟာ သူလျှိုအဖြစ် စွဲချက်တင် ဖမ်းဆီးခံထားရပြီး တာဝန်ကနေ ရပ်ဆဲခံထားပါတယ်။ ဒါနဲ့ပဲ တာနာရဲ့ ရှေ့နေ ကာနယ်မိုးခရက်ခ်နဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး အာဖဂန်နစ္စတန်က တပ်သားနှစ်ယောက် သေဆုံးမှုကြောင့် တာနာအဖမ်းခံရတယ်ဆိုတာရယ်၊ သူ့မှာ ဆမန်သာဆိုတဲ့ သမီးလေးတစ်ယောက်ရှိနေကြောင်းရယ်ကို သိခွင့်ရလာခဲ့ပါတယ်။

နောက်တော့ တာနာလွတ်မြောက်ဖို့အတွက် ထပ်မံစုံစမ်းရင်း ParaSource ဆိုတဲ့ စစ်တပ်နဲ့ အကျိုးတူပူးပေါင်းလုပ်တဲ့ အဖွဲ့အသည်းအကြောင်းကိုပါ ဂျက်ရိချာ သိလာတယ်။ ဒါပေမဲ့ သူကံမကောင်းခဲ့ပါဘူး။ နောက်တစ်နေ့မှာပဲ ရှေ့နေမိုးခရက်ခ်အသတ်ခံရမှုနဲ့ စစ်တပ်က ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ထောင်ထဲအရောက်မှာ မေဂျာတာနာနဲ့အတူ ထောင်ဖောက်ပြေးရင်း ဒီကိစ္စတွေကို ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်။ စစ်တပ်နဲ့ အကျိုးတူလုပ်ကိုင်တဲ့ အဖွဲ့အစည်း ParaSource ဆိုတာဘာလဲ၊ မေဂျာတာနာရဲ့ တပ်သားနှစ်ယောက်က အာဖဂန်နစ္စတန်မှာ ဘာကြောင့်အသတ်ခံခဲ့ရတာလဲ၊ သူတို့နောက်ကို တော်လျှောက်လိုက်ပြီး သတ်ဖို့ ကြိုးစားနေတဲ့ ကြေးစားလူသတ်သမားကရော ဘယ်သူလဲ၊ ထိန်းရခက်တဲ့ ကျွတ်ဆတ်ဆတ် ကောင်မလေး ဆမန်သာကရော သူတို့ကိစ္စတွေထဲမှာ ဘယ်လောက်အထိအရေးပါလာမှာလဲ။

IDMb Rating 6.3 အထိ ရရှိထားတဲ့ Jack Reacher : Never Go Back ဟာ မင်းသား Tome Crusie သွေးအေးအေးနဲ့ ခပ်ကြမ်းကြမ်းရှင်ဇာတ်ကွက်တွေနဲ့ အသက်ဝင်လွန်းလှပြီး ကြည့်ရတဲ့ပရိသတ်ကို ဇာတ်ကားအဆုံးထိ နစ်မျောသွားအောင် ဆွဲဆောင်ထားနိုင်တဲ့ကား ဖြစ်ပါတယ်။ တာနာအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး Cobie Smulders နဲ့ ဆမန်သာအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးငယ်လေး Danika Yarosh တို့ကလည်း Tom Crusie နဲ့ လိုက်ဖက်ညီညီ သရုပ်ဆောင်ထားတာကြောင့် ဇာတ်ကားကောင်းတစ်ကား ဖြစ်လာပြီး Jack Reacher ရဲ့ပရိသတ်တွေသာမက အက်ရှင်ဇာတ်ကားကောင်းကောင်း ကြိုက်သူတွေပါ လက်မလွှတ်သင့်တဲ့ ဇာတ်ကား ဖြစ်ပါတယ်။

pCloudမှဒေါင်းရန်720P( mb) >> http://adf.ly/1hGkAI

credit-goldchannel

Comments

Popular posts from this blog

The Wall (2017) မြန်မာစာတန်းထိုး

အီရတ်စစ်မြေပြင်မှာ တိုက်တဲ့ စစ်ပွဲတွေကို Jarhead, American Sniper, The Hurt Locker တို့လို ရုပ်ရှင်တွေနဲ့ အော်စကာဆုရသည်အထိ ရိုက်ပြဖူးခဲ့ပါတယ်။ အခုတစ်ခါ အီရတ်စစ်မြေပြင်က အသက်လုပွဲကို The Wall (2017) ဆိုတဲ့ အမည်နဲ့ The Edge of Tomorrow, Bourne Identity တို့ရဲ့ ဒါရိုက်တာ Doug Liman က ရွှေကမ္ဘာလုံးဆုရ မင်းသား Aaaron Tyler Jhonson, Smark Down နပန်းသမားကြီး Jhon Cena တို့နဲ့ သည်းထိတ်ရင်ဖို ရိုက်ပြလိုက်ပြန်ပါပြီ။ စစ်ကားဆိုတာနဲ့ ၀ုန်းဒိုင်းကြဲ ပစ်ခတ်နေမယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ ဒီကားမှာ လူသုံးယောက်သာ ပါပါတယ်။ သူတို့က အမေရိကန် စစ်သားနှစ်ယောက်နဲ့ အီရတ်စစ်သားတစ်ယောက်ပါ။ ဆာဂျင် ရှိန်း မက်သယူးက စနိုက်ပါ တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို အီရတ်သဲကန္တာရထဲက အဆောက်အအုံတစ်ခုကို စစ်ဆေးဖို့ လွှတ်လိုက်တာပါ။ သူ့လက်ထောက်က ဆာဂျင် အယ်လန် အိုင်ဆက်ပါ။ သူတို့ကို တာဝန်ပေးထားတဲ့ အဆောက်အအုံ ဧရိယာကို ၂၂ နာရီကြာအောင် စောင့်ကြည့်အကဲခတ်ပြီးနောက်မှာတော့ စိတ်ချရပြီလို့ ယူဆပြီး ရှိန်းက အထဲမှာ သေနေတဲ့ အစောင့်တပ်သားတွေဆီက ရေဒီယိုတွေကို ယူဖို့ လာခဲ့ပါတယ်။ ဒါပေမယ့် အထဲမှာ လျှို့ဝှက်ပြီး စောင့်နေတဲ့ အီရတ်စနိုက်ပါသမား ဂျူးဘားက ရှိန်...

Red Cliff (2009) မြန်မာစာတန်းထိုး

pCloudမှဒေါင်းရန်Link ဆိုဒ်သေး 570 mb >> http://adf.ly/1YPdP4 pCloudမှဒေါင်းရန်Link ဆိုဒ်ကြီး 1500 mb>> http://adf.ly/1YPdU1 - CREDIT-ချမ်းငြိမ်း(မှော်ဝန်း)

Bounty Hunters(2016)မြန်မာစာတန်းထိုး

Bounty Hunters(2016)မြန်မာစာတန်းထိုး pCloudမှဒေါင်းရန်Link 360P >> http://adf.ly/1efRNB - ဖိုင်ဆိုဒ်.. 278Mb  pCloudမှဒေါင်းရန်Link 720P >> http://adf.ly/1efROh - ဖိုင်ဆိုဒ်.. 755Mb  CREDIT-WWW.CHANNELMYANMAR.COM