Skip to main content

Max Steel(2016)မြန်မာစာတန်းထိုး

ကော့ပါ့ကန်ညွန်ဆိုတဲ့ အရပ်ဒေသကို မက်စ်မက်ဂရက်တို့ သားအမိ အိမ်ပြောင်းလာတယ်။ မက်စ်က အနေအေးပေမဲ့ သဘောကောင်းတယ်၊ ဖော်ရွေတယ်၊ ခင်တတ်တယ်။ ဒါပေမဲ့ မက်စ်ရဲ့အဖေ ဂျင်မက်ဂရက်ရဲ့ ဇာတ်ကြောင်းကတော့ ရှုပ်ရှုပ်ထွေးထွေးပဲ။ သူ့အဖေက သူငယ်ငယ်ကတည်းက ဆုံးသွားရှာတာ။ ဒီအကြောင်းတွေကို မက်စ်က ပြည့်ပြည့်စုံစုံသိချင်ပေမဲ့ သူ့အမေကလည်း လုံးစေ့ပတ်စေ့ ပြောမပြဘူး။

တစ်နေ့တော့ မက်စ်အဖေရဲ့ လုပ်ဖော်ကိုင်ဖက် မိုင်းစ်အက်ဒ်ဝပ်ဆိုတဲ့ လူကြီးတစ်ယောက် မက်စ်တို့အိမ်ကို ညစာလာစားတယ်။ အဲဒီလူကြီးနဲ့ သူ့အမေတို့ ပြောတဲ့စကားတွေကတဆင့် သူ့အဖေသေတာဟာ သာမန်သေဆုံးမှုသက်သက် မဟုတ်ဘူးဆိုတာကို မက်စ်ရိပ်မိသွားတယ်။ အဲဒီနောက်မှာတော့ သူ့အဖေရဲ့ လျှို့ဝှက်နက်နဲမှုတွေဟာ မက်စ်ရဲ့ဘဝထဲကို တဖြည်းဖြည်း ဝင်ရောက်လာတယ်။

လေဆင်နှာမောင်းတစ်ခုကြောင့် ပျက်ဆီးသွားတဲ့ သိပ္ပံရှေ့ပြေးကုမ္ပဏီ အန်တက်ခ် (N-Tek)ရဲ့ အကြောင်းတွေ၊ သူ့အဖေဟာ ထူးချွန်တဲ့ သိပ္ပံပညာရှင်ဖြစ်တဲ့ အကြောင်းတွေကို မက်စ်သိလာရတယ်။ တချိန်တည်းလိုလိုမှာပဲ မက်စ်ရဲ့ခန္တာကိုယ်ထဲကနေ အမည်မဖော်နိုင်တဲ့ စွမ်းအင်တွေက နေ့စဉ်နဲ့အမျှ ထွက်လာတယ်။ ဒီစွမ်းအင်တွေကို သူထိန်းချုပ်နိုင်မှာလား။ ဒီစွမ်းအင်တွေဟာ သူ့အပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲ။ ဒီစွမ်းအင်တွေကြောင့် သူသေဆုံးသွားမှာလား။ မေးခွန်းပေါင်းများစွာနဲ့ ချာချာလည်နေတဲ့ မက်စ်ဟာ စတီးလ်ဆိုတဲ့ စက်ရုပ်လေးတစ်ရုပ်နဲ့ ဆုံတွေ့ခဲ့တဲ့ နောက်မှာတော့ ....

ဒါရိုက်တာ Stewart Hendler ရိုက်ကူးထားပြီး Ben Winchell, Josh Brener, Ana Villafañe နဲ့ Andy García တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Max Steel ဟာ IDMb Rating 4.6 ရရှိထားပြီး ကျွမ်းကျင်သူတွေရဲ့ ဝေဖန်မှုတွေမှာ အနုတ်လက္ခဏာပြခဲ့ပေမဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားနဲ့ စူပါဟီးရိုးရုပ်ရှင် ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်ပျော်တဲ့ ဇာတ်ကားတစ်ကား ဖြစ်လာမှာ အသေအချာပါပဲ။


pCloudမှဒေါင်းရန်720P( 654mb) >> http://adf.ly/1hDtSh

credit-goldchannel

Comments

Popular posts from this blog

The Wall (2017) မြန်မာစာတန်းထိုး

အီရတ်စစ်မြေပြင်မှာ တိုက်တဲ့ စစ်ပွဲတွေကို Jarhead, American Sniper, The Hurt Locker တို့လို ရုပ်ရှင်တွေနဲ့ အော်စကာဆုရသည်အထိ ရိုက်ပြဖူးခဲ့ပါတယ်။ အခုတစ်ခါ အီရတ်စစ်မြေပြင်က အသက်လုပွဲကို The Wall (2017) ဆိုတဲ့ အမည်နဲ့ The Edge of Tomorrow, Bourne Identity တို့ရဲ့ ဒါရိုက်တာ Doug Liman က ရွှေကမ္ဘာလုံးဆုရ မင်းသား Aaaron Tyler Jhonson, Smark Down နပန်းသမားကြီး Jhon Cena တို့နဲ့ သည်းထိတ်ရင်ဖို ရိုက်ပြလိုက်ပြန်ပါပြီ။ စစ်ကားဆိုတာနဲ့ ၀ုန်းဒိုင်းကြဲ ပစ်ခတ်နေမယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ ဒီကားမှာ လူသုံးယောက်သာ ပါပါတယ်။ သူတို့က အမေရိကန် စစ်သားနှစ်ယောက်နဲ့ အီရတ်စစ်သားတစ်ယောက်ပါ။ ဆာဂျင် ရှိန်း မက်သယူးက စနိုက်ပါ တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို အီရတ်သဲကန္တာရထဲက အဆောက်အအုံတစ်ခုကို စစ်ဆေးဖို့ လွှတ်လိုက်တာပါ။ သူ့လက်ထောက်က ဆာဂျင် အယ်လန် အိုင်ဆက်ပါ။ သူတို့ကို တာဝန်ပေးထားတဲ့ အဆောက်အအုံ ဧရိယာကို ၂၂ နာရီကြာအောင် စောင့်ကြည့်အကဲခတ်ပြီးနောက်မှာတော့ စိတ်ချရပြီလို့ ယူဆပြီး ရှိန်းက အထဲမှာ သေနေတဲ့ အစောင့်တပ်သားတွေဆီက ရေဒီယိုတွေကို ယူဖို့ လာခဲ့ပါတယ်။ ဒါပေမယ့် အထဲမှာ လျှို့ဝှက်ပြီး စောင့်နေတဲ့ အီရတ်စနိုက်ပါသမား ဂျူးဘားက ရှိန်...

Red Cliff (2009) မြန်မာစာတန်းထိုး

pCloudမှဒေါင်းရန်Link ဆိုဒ်သေး 570 mb >> http://adf.ly/1YPdP4 pCloudမှဒေါင်းရန်Link ဆိုဒ်ကြီး 1500 mb>> http://adf.ly/1YPdU1 - CREDIT-ချမ်းငြိမ်း(မှော်ဝန်း)

Bounty Hunters(2016)မြန်မာစာတန်းထိုး

Bounty Hunters(2016)မြန်မာစာတန်းထိုး pCloudမှဒေါင်းရန်Link 360P >> http://adf.ly/1efRNB - ဖိုင်ဆိုဒ်.. 278Mb  pCloudမှဒေါင်းရန်Link 720P >> http://adf.ly/1efROh - ဖိုင်ဆိုဒ်.. 755Mb  CREDIT-WWW.CHANNELMYANMAR.COM