Skip to main content

My War (2016)မြန်မာစာတန်းထိုး

My War ဟာ (၂၀၁၆)ခုနှစ်အတွင်း တရုတ်ရုပ်ရှင်လောကမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တောင်ကိုးရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ နှစ်နိုင်ငံစစ်ပွဲမှာ တရုတ်တို့ ပါဝင်ပတ်သက်ခဲ့ရတဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းအပေါ် အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဆိုပါ ကိုရီးယားစစ်ပွဲအတွင်း တောင်ကိုးရီးယားဘက်မှာ အမေရိကန်ရှိနေချိန်မှာ မြောက်ကိုရီးယားဘက်ကနေ တရုတ်က စစ်ကူတိုက်ပေးခဲ့ရတာပါ။ ဒီစစ်ပွဲမှာ တရုတ်တို့ ဘာကြောင့် ပါဝင်ခဲ့ရသလဲဆိုတာကို သေချာရှင်းပြပြီး ဇာတ်လမ်းကို စဖွင့်ပါတယ်။ အဲဒီနောက်မှာတော့ ကပ္ပတိန် Meng (Wang Luodan) ဦးဆောင်တဲ့ စစ်ကူအဖွဲ့နဲ့ Sun Beichuan (Liu Ye) ဦးဆောင်တဲ့ စစ်ကူအဖွဲ့နှစ်ဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံကို ရထားလမ်းမှတဆင့် သွားခဲ့ကြပါတယ်။

ဒါပေမဲ့ တရုတ်စစ်ကူအဖွဲ့ဟာ ခရီးအဆုံးကိုမရောက်ခင် အမေရိကန်တပ်ဖွဲ့တွေရဲ့ ချုံခိုတိုက်ခိုက်မှုကို ကြုံတွေ့ရတဲ့အခါမှာတော့....

The Messenger ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Oxide Pang က ရိုက်ကူးထားပြီး နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ Liu Ye, Wang Luodan, Huang Zhizhong နဲ့ Tony Yang တို့ ပါဝင်အားဖြည့်ထားတဲ့ My War ဟာ မထွက်ခင်ကတည်းက ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒီကားမှာ စစ်ပွဲရဲ့ နှလုံးသည်းပွတ် အခိုက်အတန့်တွေဖြစ်တဲ့ အပစ်အခတ်နဲ့ ဗုံးပေါက်ကွဲခန်းတွေ၊ စစ်သားတွေရဲ့ အမိန့်နာခံမှု၊ သစ္စာရှိမှုနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြားက ညီအစ်ကိုသံယောဇဉ်တွေကို ပရိသတ်တွေအနေနဲ့ ခံစားကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။

IDMb 6.2 ရရှိထားတဲ့အပြင် ဝေဖန်သုံးသပ်သူတွေကြားမှာလည်း အပေါင်းလက္ခဏာဆောင်တဲ့ ချီးကျူးမှုတွေရရှိထားလို့ စစ်ကားကြိုက်သူတွေသာမက သာမန်ရုပ်ရှင်ပရိသတ်တွေပါ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။

pCloudမှဒေါင်းရန်720P( 863mb) >> http://adf.ly/1hDtj5

credit-goldchannel

Comments

Popular posts from this blog

The Wall (2017) မြန်မာစာတန်းထိုး

အီရတ်စစ်မြေပြင်မှာ တိုက်တဲ့ စစ်ပွဲတွေကို Jarhead, American Sniper, The Hurt Locker တို့လို ရုပ်ရှင်တွေနဲ့ အော်စကာဆုရသည်အထိ ရိုက်ပြဖူးခဲ့ပါတယ်။ အခုတစ်ခါ အီရတ်စစ်မြေပြင်က အသက်လုပွဲကို The Wall (2017) ဆိုတဲ့ အမည်နဲ့ The Edge of Tomorrow, Bourne Identity တို့ရဲ့ ဒါရိုက်တာ Doug Liman က ရွှေကမ္ဘာလုံးဆုရ မင်းသား Aaaron Tyler Jhonson, Smark Down နပန်းသမားကြီး Jhon Cena တို့နဲ့ သည်းထိတ်ရင်ဖို ရိုက်ပြလိုက်ပြန်ပါပြီ။ စစ်ကားဆိုတာနဲ့ ၀ုန်းဒိုင်းကြဲ ပစ်ခတ်နေမယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ ဒီကားမှာ လူသုံးယောက်သာ ပါပါတယ်။ သူတို့က အမေရိကန် စစ်သားနှစ်ယောက်နဲ့ အီရတ်စစ်သားတစ်ယောက်ပါ။ ဆာဂျင် ရှိန်း မက်သယူးက စနိုက်ပါ တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို အီရတ်သဲကန္တာရထဲက အဆောက်အအုံတစ်ခုကို စစ်ဆေးဖို့ လွှတ်လိုက်တာပါ။ သူ့လက်ထောက်က ဆာဂျင် အယ်လန် အိုင်ဆက်ပါ။ သူတို့ကို တာဝန်ပေးထားတဲ့ အဆောက်အအုံ ဧရိယာကို ၂၂ နာရီကြာအောင် စောင့်ကြည့်အကဲခတ်ပြီးနောက်မှာတော့ စိတ်ချရပြီလို့ ယူဆပြီး ရှိန်းက အထဲမှာ သေနေတဲ့ အစောင့်တပ်သားတွေဆီက ရေဒီယိုတွေကို ယူဖို့ လာခဲ့ပါတယ်။ ဒါပေမယ့် အထဲမှာ လျှို့ဝှက်ပြီး စောင့်နေတဲ့ အီရတ်စနိုက်ပါသမား ဂျူးဘားက ရှိန်...

Red Cliff (2009) မြန်မာစာတန်းထိုး

pCloudမှဒေါင်းရန်Link ဆိုဒ်သေး 570 mb >> http://adf.ly/1YPdP4 pCloudမှဒေါင်းရန်Link ဆိုဒ်ကြီး 1500 mb>> http://adf.ly/1YPdU1 - CREDIT-ချမ်းငြိမ်း(မှော်ဝန်း)

Bounty Hunters(2016)မြန်မာစာတန်းထိုး

Bounty Hunters(2016)မြန်မာစာတန်းထိုး pCloudမှဒေါင်းရန်Link 360P >> http://adf.ly/1efRNB - ဖိုင်ဆိုဒ်.. 278Mb  pCloudမှဒေါင်းရန်Link 720P >> http://adf.ly/1efROh - ဖိုင်ဆိုဒ်.. 755Mb  CREDIT-WWW.CHANNELMYANMAR.COM