Skip to main content

The Villainess (2017) မြန်မာစာတန်းထိုး

အမျိုးသမီးဇာတ်ကောင်ကို အဓိကထားပြီး ရိုက်ကူးတဲ့ ဇာတ်ကားတွေ ပြန်လည်ခေတ်ကောင်းလာတဲ့ကာလလို့ ပြောလို့ရမယ့် လက်ရှိကာလမျိုးမှာ တောင်ကိုရီးယားရုပ်ရှင်ထုတ်လုပ်ရေးတွေကလည်း Shiri တို့လို အက်ရှင်ကားမျိုးတွေနဲ့ ကမ္ဘာသိအောင် ပြဆိုခဲ့မှုတွေ ရှိခဲ့တာပီပီ ယခုနှစ် 2017ခုနှစ်ထဲမှာလည်း အမျိုးသမီးဇာတ်ဆောင်ကို အဓိကထားရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းတစ်ကားကို ဖြန့်ချီပေးလိုက်ပြန်ပါပြီ။
ဇာတ်လမ်းအကြောင်းအရာကတော့ တရုတ်ပြည်နယ်ဘက်မှာ ငယ်စဉ်ကတည်းက လုပ်ကြံသတ်ဖြတ်ရေး ပညာရပ်တွေကို သင်ကြားခဲ့ရတဲ့ Sook -hee လို့ အမည်ရတဲ့ မိန်းကလေးတစ်ယောက်ဟာ ပညာတွေပြည့်စုံလာချိန်မှာတော့ တောင်ကိုရီယားနိုင်ငံထဲက အေဂျင်စီတစ်ခုမှာ အပေးအယူတစ်ခုနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူမရဲ့ပကတိဆန္နက သာမန်လူတွေလိုပဲ ဘဝကို
ဖြတ်သန်းချင်တာဖြစ်တဲ့အတွက် ဆယ်နှစ်တိတိ တာဝန်ယူထမ်းဆောင်ပြီး အနားယူခွင့်ပေးရမယ်ဆိုတဲ့ကတိဖြစ်ပါတယ်။ဒါပေမယ့် သူမအပေါ်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာနဲ့အခြားသောသူစိမ်းတစ်ယောက်နဲ့ ပြန်လည်ပတ်သက်မိချိန်မှာတော့ သူမလိုချင်တဲ့ အေးချမ်းတဲ့ဘဝကို ရရှိဖို့ မသေချာတော့ပါဘူး။
အဲဒီနောက်မှာ သူမဘဝအစိတ်အပိုင်းတွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ရှု့ စားရမှာဖြစ်ပါတယ်။Cannes ရုပ်ရှင်ပွဲတော်မှာတော့ ယခု ဇာတ်ကားဟာ ချီးမွှမ်းသံတွေ အပြည့်ရရှိထားတာကိုတွေ့ရပါတယ်။ယခုဇာတ်ကားအတွက် ယုံကြည်စရာတစ်ခုက တာဝန်ယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Jung Byung-Gil ဆိုတာကလည်း Confession Of Murder တို့လို အက်ရှင်ကားကောင်းတွေကို ပီပြင်ပိုင်နိုင်စွာ ရိုက်ကူးခဲ့ဘူးတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်နေတာရယ်ကြောင့် ထိုက်တန်တဲ့ဖျော်ဖြေမှု တွေ ရလောက်မယ်လို့ ယုံကြည်မိပါတယ်။
အဓိက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Kim Ok-Vin ဆိုတာလည်း ကိုရီယားရုပ်ရှင်လောကမှာ နာမည်ရပြီးသား အမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်သလို Thirst တို့လို The Front Line တို့လို (အဲဒီကားတွေထဲမှာလည်း ယခု ရုပ်ရှင်ထဲက ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Shin Ha-Kyun နဲ့အတူ တွဲဖက်ညီညီ သရုပ်ဆောင်ဘူးခဲ့)ကားတွေမှာ သူမရဲ့ သရုပ်ဆောင်မှု ပါရမီကို ပရိသတ်တွေထံ မှတ်ကျောက်တင်ခဲ့ပြီးသားဖြစ်တာကြောင့် ဒီရုပ်ရှင်အတွက် သံသယဖြစ်ဖို့လိုမယ်မထင်ပါဘူး (ဒီကားမရိုက်ကူးခင်မှာ ဇာတ်ကောင်စရိုက် ပီပြင်ဖို့အတွက် တိုက်ကွမ်ဒိုလို တိုက်ခိုက်ရေးပညာရပ်တွေကို လေ့ကျင့်ခဲ့ရတယ်လို့လည်း ဆိုထားပါတယ်)။ဟာသ ဒရမ်မာ အက်ရှင် စွယ်စုံကောင်းမွန်စွာ သရုပ်ဆောင်နိုင်စွမ်းရှိတဲ့Shin Ha-Kyunလို သရုပ်ဆောင်ကောင်းတွေပါနေတဲ့ အတွက်ကြောင့်လည်း အရင်က အာရှရုပ်ရှင်သမိုင်းမှာ နာမည်တွင်ခဲ့တဲ့ ဂျက်မတို့လို သမိုင်းကြောင်းမျိုး ကျန်ခဲ့မလားဆိုတာတော့ ပိတ်ကားထက်ပေါ်မှာ ကြည့်ရှု့ ခံစားရုံမှာတစ်ပါး အခြားမရှိကြောင်းပါ။



credit-channelmyanmar

Comments

Popular posts from this blog

Red Cliff (2009) မြန်မာစာတန်းထိုး

pCloudမှဒေါင်းရန်Link ဆိုဒ်သေး 570 mb >> http://adf.ly/1YPdP4 pCloudမှဒေါင်းရန်Link ဆိုဒ်ကြီး 1500 mb>> http://adf.ly/1YPdU1 - CREDIT-ချမ်းငြိမ်း(မှော်ဝန်း)

Morgan (2016) မြန်​မာစာတန်းထိုး

အားလုံးပဲ မင်္ဂလာပါခင်​ဗျာ ဒီတခါ​တော့ ကျွန်​​တော်​တို့ရဲ့ Scifi thriller Fan ​တွေ နှစ်​သက်​​လောက်​မယ့်​ Morgan ဆိုတဲ့ ဇာတ်​ကား​လေးကို တင်​ဆက်​​ပေးပါရ​စေ ဒီဇာတ်ကားမှာ​တော့ Morgan (Anya Taylor-Joy)ဟာ ဇီဝအင်​ဂျင်​နီယာပညာနဲ့ ဖန်​တီးထားတဲ့ မိန်​က​လေးဖြစ်​ပါတယ်​။ သူဟာ လသားအရွယ်​မှာပဲ စကား​ပြောတတ်​ လမ်း​လျှောက်​တတ်​ခဲ့တဲ့ ငါးနှစ်​အရွယ်​ မိန်းက​လေး​ပေါ့။ တ​နေ့မှာ​တော့ သူ့ကို ထိန်း​ကျောင်းသွန်​သင်​​ပေး​နေတဲ့ Dr. Kathy ကို တိုက်​ခိုက်​ခဲ့ပါတယ်​။ ဒီအ​ခြေအ​နေ​တွေ​ကြောင့်​ Morgan ဟာ ဆက်​လက်​တည်​ရှိသင့်​တဲ့ မျိးစိတ်​သစ်​တခု ဟုတ်​မဟုတ်​ စုံစမ်းစစ်​​ဆေးဖို့ Lee Weather (Kate Mara) ကို ကုမ္ပဏီက ​စေလွတ်​လိုက်​တဲ့ အခါမှာ​တော့....... ဒီဇာတ်​ကားမှာ Kate Mara (Fantasic four 2015, Martian) Anya Taylor-Joy (The Witch, Split) Rose Leslie (Game of thrones, The Last Witch Hunter) Michelle Yeoh (The Lady, Tomorrow Never Die) နဲ့ Paul Giamatti (Cinderella man, 12 Years in Slave) တို့ အဓိက သရုပ်​​ဆောင်​ထားပြီး Paul Giamatti က​တော့ သူ့ရဲ့ပုံစံအတိုင်း တခန်းကို တခန်းဆိုသလို  ဇာတ်​ကို ဆွဲတင်​သွားခဲ့ပါတယ်​။ ဒါရ...

Bounty Hunters(2016)မြန်မာစာတန်းထိုး

Bounty Hunters(2016)မြန်မာစာတန်းထိုး pCloudမှဒေါင်းရန်Link 360P >> http://adf.ly/1efRNB - ဖိုင်ဆိုဒ်.. 278Mb  pCloudမှဒေါင်းရန်Link 720P >> http://adf.ly/1efROh - ဖိုင်ဆိုဒ်.. 755Mb  CREDIT-WWW.CHANNELMYANMAR.COM