Skip to main content

Operation Mekong(မဲခေါင် စစ်ဆင်ရေး)2016 မြန်မာစာတန်းထိုး


စက်တင်ဘာ ၃၀ ရက်နေ့ကမှ စတင်ရုံတင်ခဲ့တဲ့ Operation Mekong ဟာ imdb (၇.၁) ရရှိထားသလို လက်တလော Chinese box office မှာတော့ ထိပ်ဆုံးနေရာက ရပ်တည်နေပါတယ်။ ၂၀၁၆ အတွက် အက်ရှင်ကားကောင်းအဖြစ်ကော၊ ရုံဝင်မှုအကောင်းဆုံးမှာပါ ထိပ်တန်းအဆင့်အဖြစ် မှတ်တမ်းကောင်းရရှိခဲ့ပါပြီ။

မဲ​ခေါင်​ဆိုတာ အ​ရှေ့​တောင်​အာရှရဲ့ နာမည်​ကြီး မြစ်​တစ်​စင်းပါ
တရုတ်​က​နေမြစ်​ဖျားခံပြီး လာအို မြန်​မာ ထိုင်း က​မ္ဘောဒီးယား ဗီယက်​နမ်​ ဆိုတဲ့ နိုင်​ငံ​တွေကိုဖြတ်​သန်းစီးဆင်း​နေတဲ့ ဒီမြစ်​ဟာ မြစ်​​ကြောင်းရှည်​လျားသလို ပြဿနာအရှုပ်​အရှင်း​တွေကလည်း ​ရေးမဆုံး​အောင်​ ရှည်​လျားရှုပ်​​ထွေးပါတယ်

၂၀၁၁ ​အောက်​တိုဘာ ၅ ရက်​​နေ့မနက်​ခင်းမှာ ထိုင်းမြန်​မာနယ်​စပ်​အနီး မဲ​ခေါင်​မြစ်​အတွင်း ခုတ်​​မောင်း​နေတဲ့ ဟွာပင်းနဲ့ ယူရှင်း ၈ ဆိုတဲ့ကုန်​သ​ဘောင်္နှစ်​စင်းစီးနင်းခံရပါတယ်
အခြားမျက်​မြင်​သက်​​သေ​လှေတစ်​စင်းရဲ့ထွက်​ချက်​အရ မြန်​မာပိုင်​နက်​အတွင်းမှာဖြစ်​ပြီး စီးနင်းတိုက်​ခိုက်​သူရှစ်​ဦးလို့ သတင်းထုတ်​ပြန်​ပါတယ်
စီးနင်းမှုဖြစ်​အပြီးထိုင်းမြစ်​​ကြောင်းရဲတပ်​ဖွဲ့က စစ်​​ဆေးခဲ့ရာမှာ​တော့ အက်​ဖီတမင်း​ဆေးပြား ၉၀၀,၀၀၀ (အ​မေရိကန်​​ဒေါ်လာ သုံးသန်းဖိုးခန့်​) ​ရေယာဉ်​​တွေ​ပေါ်မှာ​တွေ့ခဲ့ရတယ်
စီးနင်းခံ​ရေယာဉ်​နှစ်​စီးက သ​ဘောင်္သား ၁၃ ဦးကို​တော့ ​နောက်​ပိုင်းမှ မြစ်​တွင်းမှာပဲ အ​လောင်းရှာ​တွေ့ခဲ့ရတယ်

ချက်​ချင်းပဲ တရုတ်​အစိုးရက မဲ​ခေါင်​မြစ်​အတွင်း တရုတ်​ကုန်​စည်​​ဖောက်​ကားမှုနဲ့ပတ်​သက်​တဲ့ ​ရေ​ကြောင်းသွားလာမှု​တွေကို တားမြစ်​လိုက်​ပြီး
မြန်​မာ ထိုင်း လာအို သုံးနိုင်​ငံက တရုတ်​နိုင်​ငံနဲ့ ပူး​ပေါင်းပြီး မြစ်​​ကြောင်းတစ်​​လျှောက်​ ကင်းလှည့်​​ပေးဖို့​တောင်းဆိုခဲ့ပါတယ်
စုံစမ်းမှု​တွေအပြီးမှာ ​ရေယာဉ်​​ပေါ်မှာ​တွေ့ရတဲ့ ​ဆေး​တွေက ​ရေယာဉ်​ပိုင်​ပစ္စည်းမဟုတ်​ပဲ စီးနင်းသူ​တွေက အတင်းအကြပ်​ပို့​ဆောင်​​ပေးရန်​​စေခိုင်းခဲ့တာဖြစ်​တယ်​လို့ သတင်းထုတ်​ပြန်​ပါတယ်​(လူကိုသတ်​သွားပြီး ပစ္စည်းကျပြန်​ယူမသွားဘူးဆို​တော့ ဆန်း​တော့ဆန်းသား)
အကြမ်းဖက်​စီးနင်းမှုနဲ့ အပြစ်​မဲ့​သ​ဘောင်္သားများ အသတ်​ခံရမှုမှာ ​နောက်​ကွယ်​ကကြိုးကိုင်​သူဟာ ​နော်​ခမ်းဖြစ်​တယ်​လို့ စုံစမ်းသူ​တွေက အခိုင်​အမာဆိုပါတယ်
(ဟုတ်​ပါတယ်​ ​နော်​ခမ်းဆိုတာက​ facebook မှာ နာမည်​ကြီးခဲ့တဲ့ ​နော်​ခမ်းပါပဲ)
နော်​ခမ်းဟာ ရှမ်းဗမာကပြားဖြစ်​ပြီး​ ​ရွှေတြိဂံလို့​ခေါ်တဲ့ အမဲ​ရောင်​နယ်​​မြေက မူးယစ်​ရာဇာတစ်​ဦးလို့ သတ်​မှတ်​ကြပါတယ်
ဘိန်းဘုရင်​ခွန်​ဆာရဲ့ လူရင်းတစ်​ဦးဆိုလည်းမမှားပါဘူး
(wiki က​နော်​ခမ်းကို ၂၀၁၂ ဧပြီမှာ လာအိုတပ်​ဖွဲ့ကဖမ်းဆီးမိပြီး တရုတ်​ကိုလွှဲ​ပြောင်း​ပေးအပ်​ခဲ့တယ်​လို့ ဆို​ထား​ပေမယ့်​)
ဒီဇာတ်​လမ်းမှာ​တော့ တရုတ်​အထူးတပ်​ဖွဲ့ရဲ့ မူးယစ်​ရာဇာတစ်​​ယောက်​ကို ​​ထောက်​လှမ်းခဲ့ပုံ၊ ဥပ​ဒေ​ဘောင်​အပြင်​က ထိတ်​ထိတ်​ကြဲရာဇဝတ်​​ကောင်​​တွေနဲ့ ဥပ​ဒေဘက်​​တော်​သားတို့ သူနိုင်​ကိုယ်​နိုင်​အပြိုင်​ကြဲပုံ​တွေကို ရင်​သပ်​ရှု​မောဖွယ်​ရာ ခံစားကြည့်​ရှုရမှာဖြစ်​ပါတယ်
(ဇာတ်​လမ်းက​တော့ ​ပေါက်​ချက်​ပဲ တရုတ်​မှာ ဝင်​​ငွေအ​ကောင်းဆုံးကားစာရင်းထဲ​တောင်​ဝင်​သွား​သေးတယ်​)

သမိုင်း​နောက်​ခံအဖြစ်​မှန်​​​တွေ တရားမျှတမှု လူ့အခွင့််​အ​ရေးစတဲ့ အရာ​တွေနဲ့ချိန်​ထိုးကြည့်​မယ်​ဆိုရင်​​ ​နော်​ခမ်းရဲ့အမှုဟာ ​မေးခွန်းထုတ်​စရာများစွာရှိ​နေခဲ့​ပေမယ့်​ ဒီကားက​တော့ လက်​မလွတ်​တမ်းကြည့်​သင့်​တဲ့ ကား​ကောင်း​လေးတစ်​ကားဆိုတာ​ကတော့ အ​သေအချာပါပဲ

pCloudမှဒေါင်းရန်720P( 808mb) >> http://adf.ly/1hLywl

credit-goldchannel

Comments

Popular posts from this blog

Red Cliff (2009) မြန်မာစာတန်းထိုး

pCloudမှဒေါင်းရန်Link ဆိုဒ်သေး 570 mb >> http://adf.ly/1YPdP4 pCloudမှဒေါင်းရန်Link ဆိုဒ်ကြီး 1500 mb>> http://adf.ly/1YPdU1 - CREDIT-ချမ်းငြိမ်း(မှော်ဝန်း)

Morgan (2016) မြန်​မာစာတန်းထိုး

အားလုံးပဲ မင်္ဂလာပါခင်​ဗျာ ဒီတခါ​တော့ ကျွန်​​တော်​တို့ရဲ့ Scifi thriller Fan ​တွေ နှစ်​သက်​​လောက်​မယ့်​ Morgan ဆိုတဲ့ ဇာတ်​ကား​လေးကို တင်​ဆက်​​ပေးပါရ​စေ ဒီဇာတ်ကားမှာ​တော့ Morgan (Anya Taylor-Joy)ဟာ ဇီဝအင်​ဂျင်​နီယာပညာနဲ့ ဖန်​တီးထားတဲ့ မိန်​က​လေးဖြစ်​ပါတယ်​။ သူဟာ လသားအရွယ်​မှာပဲ စကား​ပြောတတ်​ လမ်း​လျှောက်​တတ်​ခဲ့တဲ့ ငါးနှစ်​အရွယ်​ မိန်းက​လေး​ပေါ့။ တ​နေ့မှာ​တော့ သူ့ကို ထိန်း​ကျောင်းသွန်​သင်​​ပေး​နေတဲ့ Dr. Kathy ကို တိုက်​ခိုက်​ခဲ့ပါတယ်​။ ဒီအ​ခြေအ​နေ​တွေ​ကြောင့်​ Morgan ဟာ ဆက်​လက်​တည်​ရှိသင့်​တဲ့ မျိးစိတ်​သစ်​တခု ဟုတ်​မဟုတ်​ စုံစမ်းစစ်​​ဆေးဖို့ Lee Weather (Kate Mara) ကို ကုမ္ပဏီက ​စေလွတ်​လိုက်​တဲ့ အခါမှာ​တော့....... ဒီဇာတ်​ကားမှာ Kate Mara (Fantasic four 2015, Martian) Anya Taylor-Joy (The Witch, Split) Rose Leslie (Game of thrones, The Last Witch Hunter) Michelle Yeoh (The Lady, Tomorrow Never Die) နဲ့ Paul Giamatti (Cinderella man, 12 Years in Slave) တို့ အဓိက သရုပ်​​ဆောင်​ထားပြီး Paul Giamatti က​တော့ သူ့ရဲ့ပုံစံအတိုင်း တခန်းကို တခန်းဆိုသလို  ဇာတ်​ကို ဆွဲတင်​သွားခဲ့ပါတယ်​။ ဒါရ...

Bounty Hunters(2016)မြန်မာစာတန်းထိုး

Bounty Hunters(2016)မြန်မာစာတန်းထိုး pCloudမှဒေါင်းရန်Link 360P >> http://adf.ly/1efRNB - ဖိုင်ဆိုဒ်.. 278Mb  pCloudမှဒေါင်းရန်Link 720P >> http://adf.ly/1efROh - ဖိုင်ဆိုဒ်.. 755Mb  CREDIT-WWW.CHANNELMYANMAR.COM