Skip to main content

Jack Reacher (2012) မြန်မာစာတန်းထိုး


လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်တြဖစ်ဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတေကွ James Barr ရဲ့အိမ်ကို ၀င်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ စ်မှုထမ်းခဲ့ဖူးတယ်ဆိုတာသာသိရတယ်.သူ့ကိုဘယ်လို ရှာရမလဲပြောနေကြချိန်မှာပဲ Jack ဟာ သူတို့ဆီရောက်လာတယ်.Jack က barr နဲ့တွေ့ခွင့်တောင်းတော့ရဲတွေကခွင့်ပြုတယ်.Barr ဟာ Jack နဲ့တွေ့ချိန်မှာ ရဲကားပေါ်ကလူတွေနဲ့ရန်ဖြစ်ခဲ့ခြင်းကြောင့် coma ဖြစ်ပြီးမေ့မြောနေတယ်. နောက်တော့ barr ရဲ့ ရှေ့နေ Helen rodinနဲ့တွေ့ပြီး အမှုကိုအတူတူစုံစမ်းကြတဲ့အခါ Barr ကတကယ်ပဲအပြစ်ရှိလား တကယ်ပဲသူကအပြစ်မဲ့တဲ့လူငါးယောက်ကိုသတ်ခဲ့တာလား ဘာလို့သတ်တာလဲဆိုတာတွေကိုတော့ ………..

Jack Reacher ဇာတ်ကားဟာ မြောက်အမေရိကမှာ $80.1million အခြားနိုင်ငံတွေမှာ$ 138.3million နဲ့အတူ Total worldwide $218.3million ၀င်ငွေရရှိခဲ့ပါတယ်. ဒီဇာတ်ကားအတွက်သူတို့သုံးခဲ့တဲ့ငွေကတော့ $60ပဲဖြစ်ပါတယ်.ရင်ငွေထက်သုံးဆကျော်ပြန်ရရှိခဲ့တယ်ပေါ့ဗျာ

Jack reacher ဇာတ်ကားဟာ 2005 တုန်းက ထွက်ခဲ့တဲ့ Lee Child ရဲ့ one shot ဆိုတဲ့ novel ကိုပြန်ရိုက်ထားတာပါ Jack reacher ရဲ့ sequel ဖြစ်တဲ့ Jack Reacher : Never Go Back ကိုတော့ october 21 ရက်နေ့ကစပြီး နိုင်ငံတကာမှာ ရုံတင်နေပါပြီ

Jack Reacher ဇာတ်ကားဟာ IMDB မှာဆိုရင်ဖြင့် 7/10 အထိရထားပြီး rotten tomatoes မှာတော့ 62% ရရှိထားလို့ rating ကောင်းတယ်ဆိုရပါမယ်
သရုပ်ဆောင်တွေအနေနဲ့ကတော့ Jack reacher အဖြစ် mission imposisble,edge of tomorrow,war of the worlds တို့လိုဇာတ်ကားတွေနဲ့နာမည်ကြီးတဲ့ Tom Cruise က သရုပ်ဆောင်ထားပြီး Helen Rodin အဖြစ် Rosamund Pike နဲ့ James barr အဖြစ် Joseph Sikora တို့ကသရုပ်ဆောင်ထားပါတယ်.Director ကတော့ Christopher McQuarrie ပါ
Jack Reacher ဟာ action thriller အမျိုးအစားကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။

(ရုပ်ရှင်အညွှန်းကို Aung Kyaw Myat’s FB မှကူးယူဖော်ပြပါသည်။)

pCloudမှဒေါင်းရန်360P( 520mb) >> http://adf.ly/1hM0Lx
pCloudမှဒေါင်းရန်720P( 1000mb) >> http://adf.ly/1hM0SA

credit-www.channelmyanmar.com

Comments

Popular posts from this blog

Red Cliff (2009) မြန်မာစာတန်းထိုး

pCloudမှဒေါင်းရန်Link ဆိုဒ်သေး 570 mb >> http://adf.ly/1YPdP4 pCloudမှဒေါင်းရန်Link ဆိုဒ်ကြီး 1500 mb>> http://adf.ly/1YPdU1 - CREDIT-ချမ်းငြိမ်း(မှော်ဝန်း)

Morgan (2016) မြန်​မာစာတန်းထိုး

အားလုံးပဲ မင်္ဂလာပါခင်​ဗျာ ဒီတခါ​တော့ ကျွန်​​တော်​တို့ရဲ့ Scifi thriller Fan ​တွေ နှစ်​သက်​​လောက်​မယ့်​ Morgan ဆိုတဲ့ ဇာတ်​ကား​လေးကို တင်​ဆက်​​ပေးပါရ​စေ ဒီဇာတ်ကားမှာ​တော့ Morgan (Anya Taylor-Joy)ဟာ ဇီဝအင်​ဂျင်​နီယာပညာနဲ့ ဖန်​တီးထားတဲ့ မိန်​က​လေးဖြစ်​ပါတယ်​။ သူဟာ လသားအရွယ်​မှာပဲ စကား​ပြောတတ်​ လမ်း​လျှောက်​တတ်​ခဲ့တဲ့ ငါးနှစ်​အရွယ်​ မိန်းက​လေး​ပေါ့။ တ​နေ့မှာ​တော့ သူ့ကို ထိန်း​ကျောင်းသွန်​သင်​​ပေး​နေတဲ့ Dr. Kathy ကို တိုက်​ခိုက်​ခဲ့ပါတယ်​။ ဒီအ​ခြေအ​နေ​တွေ​ကြောင့်​ Morgan ဟာ ဆက်​လက်​တည်​ရှိသင့်​တဲ့ မျိးစိတ်​သစ်​တခု ဟုတ်​မဟုတ်​ စုံစမ်းစစ်​​ဆေးဖို့ Lee Weather (Kate Mara) ကို ကုမ္ပဏီက ​စေလွတ်​လိုက်​တဲ့ အခါမှာ​တော့....... ဒီဇာတ်​ကားမှာ Kate Mara (Fantasic four 2015, Martian) Anya Taylor-Joy (The Witch, Split) Rose Leslie (Game of thrones, The Last Witch Hunter) Michelle Yeoh (The Lady, Tomorrow Never Die) နဲ့ Paul Giamatti (Cinderella man, 12 Years in Slave) တို့ အဓိက သရုပ်​​ဆောင်​ထားပြီး Paul Giamatti က​တော့ သူ့ရဲ့ပုံစံအတိုင်း တခန်းကို တခန်းဆိုသလို  ဇာတ်​ကို ဆွဲတင်​သွားခဲ့ပါတယ်​။ ဒါရ...

Bounty Hunters(2016)မြန်မာစာတန်းထိုး

Bounty Hunters(2016)မြန်မာစာတန်းထိုး pCloudမှဒေါင်းရန်Link 360P >> http://adf.ly/1efRNB - ဖိုင်ဆိုဒ်.. 278Mb  pCloudမှဒေါင်းရန်Link 720P >> http://adf.ly/1efROh - ဖိုင်ဆိုဒ်.. 755Mb  CREDIT-WWW.CHANNELMYANMAR.COM