Skip to main content

Theri (2016) မြန်မာစာတန်းထိုး

မင်္ဂလာပါ ခင်ဗျာ၊ Imdb user များရဲ့ Top-rated Indian Movies တွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ Theri  ဟာ Top-rated ဆိုတဲ့အတိုင်း ဇာတ်လမ်းဇာတ်အိမ် ခိုင်ခံ့ကောင်းမွန်ပြီးသား၊ ကြည့်ရှုသူကို အကောင်းဆုံး entertain လုပ်ပေးနိုင်မယ့် Movie ဖြစ်တယ်လို့ ညွှန်းဆိုပါရစေခင်ဗျ။ Indian Movie Soundtrack ခပ်လန်းလန်းလေးတွေ ပါဝင်တဲ့အပြင် ဗီလိန်သရုပ်ဆောင်တွေပါ မကျန်... စိတ်နှစ်ပြီး ကြိုးစားအားဖြည့်ထားရတာကိုတွေ့ရှိရတဲ့အတွက်ကြောင့်... ကြည့်ရတာ တန်တယ်ကွာ..လို့ .. မှတ်ချက်ချမိကြမှာမလွဲပါဘူးခင်ဗျ။
Theri ဆိုတဲ့တမီလ် ဘာသာစကား  ခေါင်းစဉ်လို အစိတ်စိတ်အမြွာမြွာ ကွဲထွက်မနေတဲ့ Theri ရဲ့ ဇါတ်ကြောင်းဟာ..  Hollywood ရဲ့ မင်းသားကြီး Liam Neeson ပါဝင်တဲ့ Taken movie sequel နဲ့ ယောင်ယောင်လေး တူပါတယ်။ အဓိက ကွဲပြားတာကတော့ Theri က Drama နဲ့ Action ကို သင့်တင့်မျှတအောင် ပေါင်းစပ်ထားတဲ့အပြင်... ရသမျိုးစုံပေးစွမ်းနိုင်အောင် ကြိုးစားထားတဲ့အတွက် အရှေ့တိုင်းရဲ့ Action ဇါတ်ကားတစ်ကား အထူးသဖြင့် တမီလ် ရုပ်ရှင်တွေထဲမှာ အတော်ကြီးကို အဆင့်အတန်းမြင့် တန်းဝင်တဲ့ Movie တစ်ခု အဖြစ် စာရင်းတို့ထားရမှာဖြစ်ပါတယ်။ အာဏာရှင် ဆန်ဆန် လူတစ်စုကြောင့်  မိသားစုဝင်အတော်များများနဲ့ သေကွဲကွဲခဲ့ရတဲ့ ရဲအရာရှိတစ်ယောက်ဟာ... အသက်လိုချစ်ရတဲ့ သမီးငယ်ကလေးဆီကို အန္တရာယ် ကျရောက်လာတဲ့အခါ...   သက်စွန့်ဆံဖျား ကြိုးစားကာကွယ်ရင်းက... အတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်တဲ့ အရိပ်မည်းတစ်ချို့ထည့်ပေါင်းပြီး  သွေးကြွေး၊ ရန်ငြိုး၊ ကလဲ့စားတွေနဲ့ .. မီးဟုန်းဟုန်းတောက်နေတဲ့ ဖခင်တစ်ယောက်အဖြစ်၊ ရိုးသားကြိုးစားတဲ့ အရာရှိကောာင်းတစ်ယောက်ဘ၀ကနေ..  ဒုစရိုက်လောကထဲကို ခြေစုံပစ်ဝင်ပြီး မွှေနှောက်ထိုးဖောက်ဝင်ရောက်လာတဲ့..  ခပ်ကြမ်းကြမ်း လူတစ်ယောက်အဖြစ် မင်းသား Joseph Vijay ကို စိတ်အားရကျေနပ်စရာ ရှုစားကြရမှာဖြစ်ပါတယ်။ ကြည့်ရှုခဲ့ဖူးသမျှ Tamil Action Drama ဇါတ်ကားတွေထဲမှာ.. Theri ကတော့ဖြင့်... .. ပရိသတ်ကြီးအတွက် စိတ်နှစ်ပြီး ကြည့်ရှုဖို့ သင့်တော်တဲ့ Movie ဖြစ်တယ်လို့ ...  ညွှန်းဆိုပေးချင်ပါတယ်ခင်ဗျာ။

pCloudမှဒေါင်းရန်360P( 431mb) >> http://adf.ly/1g52gV
pCloudမှဒေါင်းရန်720P( 968mb) >> http://adf.ly/1g52lx

credit-goldchannel

Comments

Popular posts from this blog

Red Cliff (2009) မြန်မာစာတန်းထိုး

pCloudမှဒေါင်းရန်Link ဆိုဒ်သေး 570 mb >> http://adf.ly/1YPdP4 pCloudမှဒေါင်းရန်Link ဆိုဒ်ကြီး 1500 mb>> http://adf.ly/1YPdU1 - CREDIT-ချမ်းငြိမ်း(မှော်ဝန်း)

Morgan (2016) မြန်​မာစာတန်းထိုး

အားလုံးပဲ မင်္ဂလာပါခင်​ဗျာ ဒီတခါ​တော့ ကျွန်​​တော်​တို့ရဲ့ Scifi thriller Fan ​တွေ နှစ်​သက်​​လောက်​မယ့်​ Morgan ဆိုတဲ့ ဇာတ်​ကား​လေးကို တင်​ဆက်​​ပေးပါရ​စေ ဒီဇာတ်ကားမှာ​တော့ Morgan (Anya Taylor-Joy)ဟာ ဇီဝအင်​ဂျင်​နီယာပညာနဲ့ ဖန်​တီးထားတဲ့ မိန်​က​လေးဖြစ်​ပါတယ်​။ သူဟာ လသားအရွယ်​မှာပဲ စကား​ပြောတတ်​ လမ်း​လျှောက်​တတ်​ခဲ့တဲ့ ငါးနှစ်​အရွယ်​ မိန်းက​လေး​ပေါ့။ တ​နေ့မှာ​တော့ သူ့ကို ထိန်း​ကျောင်းသွန်​သင်​​ပေး​နေတဲ့ Dr. Kathy ကို တိုက်​ခိုက်​ခဲ့ပါတယ်​။ ဒီအ​ခြေအ​နေ​တွေ​ကြောင့်​ Morgan ဟာ ဆက်​လက်​တည်​ရှိသင့်​တဲ့ မျိးစိတ်​သစ်​တခု ဟုတ်​မဟုတ်​ စုံစမ်းစစ်​​ဆေးဖို့ Lee Weather (Kate Mara) ကို ကုမ္ပဏီက ​စေလွတ်​လိုက်​တဲ့ အခါမှာ​တော့....... ဒီဇာတ်​ကားမှာ Kate Mara (Fantasic four 2015, Martian) Anya Taylor-Joy (The Witch, Split) Rose Leslie (Game of thrones, The Last Witch Hunter) Michelle Yeoh (The Lady, Tomorrow Never Die) နဲ့ Paul Giamatti (Cinderella man, 12 Years in Slave) တို့ အဓိက သရုပ်​​ဆောင်​ထားပြီး Paul Giamatti က​တော့ သူ့ရဲ့ပုံစံအတိုင်း တခန်းကို တခန်းဆိုသလို  ဇာတ်​ကို ဆွဲတင်​သွားခဲ့ပါတယ်​။ ဒါရ...

Bounty Hunters(2016)မြန်မာစာတန်းထိုး

Bounty Hunters(2016)မြန်မာစာတန်းထိုး pCloudမှဒေါင်းရန်Link 360P >> http://adf.ly/1efRNB - ဖိုင်ဆိုဒ်.. 278Mb  pCloudမှဒေါင်းရန်Link 720P >> http://adf.ly/1efROh - ဖိုင်ဆိုဒ်.. 755Mb  CREDIT-WWW.CHANNELMYANMAR.COM