Skip to main content

Bill Gate ရဲ့ ငွေကြေးဆိုင်ရာ အကြံဥာဏ်ကောင်းများ

                       Bill Gate ရဲ့ ငွေကြေးဆိုင်ရာ အကြံဥာဏ်ကောင်းများ


ဘီလ်ဂိတ်စ်ပေးတဲ့ ငွေကြေးဆိုင်ရာ အကြံဥာဏ်ကောင်းများ

ဘီလ်ဂိတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံး ကုဋေကြွယ် သူဌေးကြီးဆိုတာ လူတိုင်းသိပါတယ်။ ကုဋေကြွယ် သူဌေးကြီး ဖြစ်ပေမယ့် သူဟာ ငွေကြေးအကြောင်း သိပ်များများ ပြောတဲ့သူတော့ မဟုတ်ပါဘူး။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူဟာ ငွေကြေး၊ စတော့ဈေးကွက်နဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး အကြံကောင်းတွေ ပေးခဲ့ပါတယ်။

အောက်ပါ ၁၀ ချက်ဟာ ဘီလ်ဂိတ်စ်ပေးတဲ့ ငွေးကြေးဆိုင်ရာ သိမှတ်ဖွယ်ရာတွေ ဖြစ်ပါတယ်။

ရှင်းလင်းတိကျတဲ့ ပန်းတိုင် ချမှတ်ပါ။

Bill and Melinda Foundation ကိုနှစ်စဉ်ပေးပို့နေကျ စာတစ်စောင်မှာ ရှင်းလင်းတိကျတဲ့ ပန်းတိုင်ချမှတ် ထားရင် အံ့ဩဖွယ်ရာကောင်းတဲ့ တိုးတက်မှုတွေ ရလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ငွေကြေးနဲ့ ပတ်သက်တဲ့ ဘယ်ဆုံးဖြတ်ချက်မဆို ရှင်းလင်းတိကျတဲ့ ပန်းတိုင်၊ ရည်မှန်းချက်ကနေ စတင် သင့်တယ်လို့ ဆိုပါတယ်။

ဖြစ်ပေါ်နေတဲ့ အခြေအနေထဲက အကောင်းဆုံးကို ရယူနိုင်ဖို့ ကြိုးစားပါ။

ဘီလ်ဂိတ်စ်ပြောတဲ့ သိမှတ်ဖွယ်ရာတွေထဲမှာ အရေးကြီးတဲ့ နောက်တစ်ချက်က ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ထဲက ကိုယ့်အတွက် အကောင်းဆုံး အခြေအနေကို ဖန်တီးယူနိုင်ဖို့ ဖြစ်ပါတယ်။

တစ်ခါတစ်လေ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နိုင်ပြီး ရုန်းကန်ဖို့ ခက်ခဲနေရင်တောင် ဒီလို ခက်ခဲနေတဲ့ အခြေအနေကနေ ကိုယ့်အတွက် အခြေအနေကောင်းတွေ ဖန်တီးရယူနိုင်ရမယ်လို့ ဆိုပါတယ်။


ထိန်းသိမ်းပါ။

အောင်မြင်မှုဆိုတာ ညတွင်းချင်းမရနိုင်ဘူးလို့ ဘီလ်ဂိတ်စ်က ဆိုပါတယ်။ သင့်မှာ ငွေကြေးဆိုင်ရာ အခက်အခဲ တွေ ရင်ဆိုင်ကြုံတွေ့ နေရရင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့၊ နေထိုင်ဖို့ မမေ့သင့်ပါဘူး။

စိန်ခေါ်မှုတွေကို ရင်ဆိုင်ပါ။ စိန်ခေါ်မှုတွေ ကြုံလာရင် ထွက်မပြေးပါနဲ့။

စိန်ခေါ်မှုတွေ ကြုံလာရင် ထွက်ပြေးရုံနဲ့တော့ အောင်မြင်မှု မရနိုင်ဘူးလို့ ဘီလ်ဂိတ်စ်က အင်တာဗျူး အများ အပြားမှာ ပြောဆိုခဲ့ပါတယ်။

တစ်ခါတစ်လေ ငွေကြေးအရ ခက်ခဲနိုင်ပြီး ဒီလို အခက်အခဲတွေကို ရင်ဆိုင်ရတာဟာ စိန်ခေါ်မှု တစ်ရပ်အဖြစ် ရှုမြင်ရမှာ ဖြစ်ပြီး ဒီစိန်ခေါ်မှုတွေကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုတာကို ကြိုးစားအဖြေရှာရမယ်လို့ ဘီလ်ဂိတ်စ်က ဆိုပါတယ်။

ကျရှုံးမှုတွေကနေ လေ့လာသင်ယူပါ။

“အောင်မြင်မှုဆိုတာ တော်တော်ဆိုးတဲ့ ဆရာဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအောင်မြင်မှုဟာ သင် ဘယ်တော့မှ မရှုံးနိုင်ဘူးလို့ သင့်ကိုယ်သင် ထင်သွားစေနိုင်တယ်” လို့ ဘီလ်ဂိတ်စ်က ဆိုပါတယ်။

အောင်မြင်မှု ရရှိတာဟာ ကောင်းပေမယ့် ကျရှုံးမှုတွေ ရင်ဆိုင်နေရတဲ့အချိန် ကိုယ်ဘာကြောင့် ကျရှုံးရသလဲ၊ နောက်တစ်ခါ ဒီလို အခြေအနေတွေကနေ ရှောင်ရှားနိုင်ဖို့ ဘာတွေလုပ်ရမလဲ ဆိုတာကို လေ့လာဖို့ ပိုအရေးကြီးပါတယ်။

ဒီလို လေ့လာမှတ်သားနိုင်မှ ကိုယ်လုပ်ခဲ့တဲ့ အမှားတွေကို နောက်တစ်ခါ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

သင် စိတ်အားထက်သန်ရာ နောက်ကို လိုက်ပါ။

ကိုယ်စိတ်အားထက်သန်တဲ့ အလုပ်ကို သိအောင်လုပ်ပြီး အဲဒီအလုပ်ကို တစိုက်မှတ်မှတ်လုပ်တာဟာ အောင်မြင်မှု ရရှိဖို့ ပိုမိုလွယ်ကူ စေနိုင်တယ်လို့ ဘီလ်ဂိတ်စ်က ဆိုပါတယ်။

တစ်ခါတစ်လေ သင်စိတ်ဝင်စားတဲ့အလုပ်ဟာ သင့်ကို တစ်ခါတည်း ချမ်းသာကြွယ်လာစေမှာ မဟုတ်ပေမယ့် သင်စိတ်အားထက်သန်တဲ့ အလုပ်ဖြစ်တဲ့အတွက် ပိုပြီးကြိုးစားချင်စိတ်၊ ရည်မှန်းချက်ကြီးကြီး ချလိုစိတ်တွေ ဖြစ်လာမှာ သေချာပါတယ်။

ရိုးရိုးရှင်းရှင်းလေးထားပါ။

ဘီလ်ဂိတ်စ်ရဲ့ ငွေကြေးဆိုင်ရာ လမ်းညွှန်သူဖြစ်တဲ့ ကုဋေကြွယ် သူဌေးကြီး ဝါရင်းဘတ်ဖက်က ငွေကြေးနဲ့ ပတ်သက်လာရင် ရိုးရိုးရှင်းရှင်းလေးထားဖို့ ပြောပါတယ်။

သင့် ငွေကြေးနဲ့ ဘတ်ဂျက်တွေကို ရှုပ်ရှုပ်ရှက်ရှက် လုပ်ပစ်ဖို့ မလိုပါဘူး။ ရိုးရှင်းပေမယ့် ကျစ်လျစ်ပြီး လိုက်နာဖို့ လွယ်ကူတဲ့ ငွေကြေးအစီအမံ ရှိရင် အသေးစိတ်လိုက်လုပ်ပြီး ခေါင်းရှုပ်နေဖို့ မလိုတော့ဘူးပေါ့။

အကြံကောင်း ဥာဏ်ကောင်းတွေကို လိုက်နာပါ။

ဘီလ်ဂိတ်စ်က ကိုယ်ရောက်နေတဲ့ အခြေအနေကို မကြည့်ဘဲ အကြံဥာဏ်ကောင်းတွေကို လိုက်နာပါလို့ အင်တာဗျူး အများအပြားမှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။

ကောင်းတဲ့ အကြံတွေဟာ သင်ရင်ဆိုင်ရတဲ့ ပြဿနာတွေကို အောင်မြင်လျင်မြန်စွာ ကျော်လွှား သွားစေနိုင်တယ်လို့ သူက ဆိုပါတယ်။

သတင်းအချက်အလက်တွေကို စုဆောင်း၊ စီမံပြီး ကိုယ့်အတွက် အကျိုးရှိဖို့ သုံးပါ။

နည်းပညာလောကမှာ အရေးကြီးတဲ့ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ ဘီလ်ဂိတ်စ်ဟာ သတင်း အချက်အလက်တွေကို အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တန်ဖိုးထားပြီး ကိုယ့်အတွက် အသုံးချနိုင်ဖို့ ကြိုးစားပါလို့ ဆိုပါတယ်။

ဥပမာ - ပစ္စည်းတစ်ခု ဝယ်တော့မယ်ဆိုရင် သင်ဝယ်မယ့် ပစ္စည်းနဲ့ အမျိုးအစားတူတဲ့ ပစ္စည်းရဲ့ တံဆိပ်တွေကို နှိုင်းယှဉ်ကြည့်ပါ။ တစ်ခုနဲ့ တစ်ခု ဘာကွာသလဲ။ ဈေးက ဘယ်လောက်ကွာသလဲ။ ကြာရှည်ခံမှု နဲ့ အရင် ဝယ်ယူအသုံးပြုနေတဲ့ သူတွေ ကျေနပ်မှု ရှိလား အစရှိသဖြင့်ပေါ့။

ခိုင်မာတဲ့ နည်းဗျူဟာ ရှိပါစေ။

အောင်မြင်မှု ရရှိဖို့ ခိုင်မာတဲ့ နည်းဗျူဟာ ရှိဖို့လိုတယ်လို့ ဘီလ်ဂိတ်စ်က ဆိုပါတယ်။ သင်လိုချင်တဲ့ ငွေကြေးဆိုင်ရာ ပန်းတိုင်ကို ရောက်ရှိနိုင်မယ့် နည်းလမ်းကို စနစ်တကျ ချမှတ်ထားတဲ့ နည်းဗျူဟာ ရှိဖို့ အရေးကြီးပါတယ်။

ဒီနည်းဗျူဟာကို အကောင်အထည်ဖော် ဆောင်ရွက်နေချိန် အခြေအနေအရ ပြုပြင်သင့်ရင် ပြုပြင်ရမှာ ဖြစ်ပေမယ့် မိမိရဲ့ နည်းဗျူဟာ ဟာ ခိုင်မာနေဖို့ လိုပါတယ်။

ကျော်စွာ
Credit-Yez Magazine

Comments

Popular posts from this blog

Red Cliff (2009) မြန်မာစာတန်းထိုး

pCloudမှဒေါင်းရန်Link ဆိုဒ်သေး 570 mb >> http://adf.ly/1YPdP4 pCloudမှဒေါင်းရန်Link ဆိုဒ်ကြီး 1500 mb>> http://adf.ly/1YPdU1 - CREDIT-ချမ်းငြိမ်း(မှော်ဝန်း)

Morgan (2016) မြန်​မာစာတန်းထိုး

အားလုံးပဲ မင်္ဂလာပါခင်​ဗျာ ဒီတခါ​တော့ ကျွန်​​တော်​တို့ရဲ့ Scifi thriller Fan ​တွေ နှစ်​သက်​​လောက်​မယ့်​ Morgan ဆိုတဲ့ ဇာတ်​ကား​လေးကို တင်​ဆက်​​ပေးပါရ​စေ ဒီဇာတ်ကားမှာ​တော့ Morgan (Anya Taylor-Joy)ဟာ ဇီဝအင်​ဂျင်​နီယာပညာနဲ့ ဖန်​တီးထားတဲ့ မိန်​က​လေးဖြစ်​ပါတယ်​။ သူဟာ လသားအရွယ်​မှာပဲ စကား​ပြောတတ်​ လမ်း​လျှောက်​တတ်​ခဲ့တဲ့ ငါးနှစ်​အရွယ်​ မိန်းက​လေး​ပေါ့။ တ​နေ့မှာ​တော့ သူ့ကို ထိန်း​ကျောင်းသွန်​သင်​​ပေး​နေတဲ့ Dr. Kathy ကို တိုက်​ခိုက်​ခဲ့ပါတယ်​။ ဒီအ​ခြေအ​နေ​တွေ​ကြောင့်​ Morgan ဟာ ဆက်​လက်​တည်​ရှိသင့်​တဲ့ မျိးစိတ်​သစ်​တခု ဟုတ်​မဟုတ်​ စုံစမ်းစစ်​​ဆေးဖို့ Lee Weather (Kate Mara) ကို ကုမ္ပဏီက ​စေလွတ်​လိုက်​တဲ့ အခါမှာ​တော့....... ဒီဇာတ်​ကားမှာ Kate Mara (Fantasic four 2015, Martian) Anya Taylor-Joy (The Witch, Split) Rose Leslie (Game of thrones, The Last Witch Hunter) Michelle Yeoh (The Lady, Tomorrow Never Die) နဲ့ Paul Giamatti (Cinderella man, 12 Years in Slave) တို့ အဓိက သရုပ်​​ဆောင်​ထားပြီး Paul Giamatti က​တော့ သူ့ရဲ့ပုံစံအတိုင်း တခန်းကို တခန်းဆိုသလို  ဇာတ်​ကို ဆွဲတင်​သွားခဲ့ပါတယ်​။ ဒါရ...

Bounty Hunters(2016)မြန်မာစာတန်းထိုး

Bounty Hunters(2016)မြန်မာစာတန်းထိုး pCloudမှဒေါင်းရန်Link 360P >> http://adf.ly/1efRNB - ဖိုင်ဆိုဒ်.. 278Mb  pCloudမှဒေါင်းရန်Link 720P >> http://adf.ly/1efROh - ဖိုင်ဆိုဒ်.. 755Mb  CREDIT-WWW.CHANNELMYANMAR.COM